Thursday, September 10, 2009

ရွှေဝါရောင်တော်လှန်ရေးကြောင့်ရေးခဲ့မိတဲ့ စာ..။









နာ သုံး နာ..။

ငါတို့ တိုင်းပြည်ကို အုပ်ချုပ်၊မင်း လုပ်တဲ့ လူတသိုက်၊ရိုင်းလိုက်တဲ့  ရာဇ၀င်၊ စာတင်လောက်ပါရဲ့ ။
ငါတို့  ပြည်သူ့ မျက်နှာမထောက် ၊အမှန်တရားကို ပယ်ဖျောက်၊အကြောက်တရားကို ကွယ်ဝှက်၊
အရှက် မရှိတာ၊လူတကာသိ၊တကမ္ဘာလုံးသိ။
ငါတို့ ပြည်သူအတွက် မကြည့် ၊မင်း(တို့ ) အမျိုးတစု အတွက်သာသိ။
ငါတို့  ပြည်သူကို မချစ်၊ငါတို့  ဘာသာတရားကိုမချစ်။
ငါတို့ ရဲ့  ဘုရားသားတော်တွေကို စော်ကား၊
ငါတို့  ကျောင်းသားတွေကို ချေမှုန်း၊အမျိုးတုံး၊လက် စ,တုံး၊သား သုံး သား ရှင်းလင်းရေး၊
သွေးချင်းတူ လူမရွေး၊သတ်ရဲ၊ဖြတ်ရဲ၊ရိုက်ရဲတာ၊သတ္တိလို့  ယူဆ၊ခွေးလောက်မှ အသိဥာဏ်မရှိ။
ငါတို့ ပြည်သူတွေကို ဆင်းရဲတွင်းထဲ၊နှစ်ပြီးရင်းနှစ်၊နှစ်ရင်းနဲ့  နစ်၊မင်း တို့ ကိုယ်တိုင် နစ်။
အသောမတတ်တဲ့  လက်နက်အားကိုး၊လောဘ ဆိုးကြောင့် ၊ကိုယ်ကျိုး နဲ၊
၊ငါတို့ တိုင်းပြည် တခုလုံး မွဲ၊
ငါတို့ ပြည်သူတွေရဲ့ စိတ်ထဲ ကြိတ်ခဲ နာ၊
ငါတို့ ပြည်သူတွေရဲ့  ရင်ထဲ နာ၊
ငါတို့  ပြည်သူတွေရဲ့  အသဲထဲ နာ၊
အဲဒီ နာ သုံး နာ အစချီတဲ ငါတို့  ပြည်သူတွေရဲ့ ၊ကမ္ဘာမကြေ တေးတပုဒ်ကို ဖြင့် 
(၊မင်းတို့ အတွက်)၊ရေးထုတ်ဘို့ အချိန်တန်ပြီ။။။။။။။။။


----------------------------------------------------------------------------------------------
မေမြန်မာ.....နိုဝင်ဘာ-၂၀ -ရက်-၂၀၀၇

Wednesday, September 9, 2009

ရွှေဝါရောင် ၁ -နှစ်ပြည့်အတွက်ရေးခဲ့တဲ့စာ..။




ပြန်လာချိန်………..





ကျမတောင်ကုန်းလေးတခုပေါ်မှာရပ်နေတယ်မောင်
တောင်ကုန်းလေးကမြင့် တော့  လေတွေကလဲ တအားကိုတိုက်နေတာပါဘဲ။
ကျမ၀တ်ထားတဲ့ အ၀တ်အစားတွေလဲ ကျမကိုယ်ပေါ်မှာကပ်ရပ်နေတော့  တယ်။
တောင်ပေါ်လေက တအားအေးတော့ ကျမချမ်းလာတယ်။
ဝတ်ထားတဲ့ အနွေးထည်ပါးပါးလေးက အအေးဒါဏ်ကို အံတုဘို့  ကြိုးစားနေရှာတယ်။လက်နှစ်ဖက်ပိုက်ထားရင်း မျက်နှာပေါ်မှာဝဲပျံရိုက်ခတ်နေတဲ့  ဆံပင်လေးတွေကိုတောင်မဖယ်မိတော့ ပါဘူး။
ကျမ ရဲ့ ကျောဖက်က စေတီလေးရဲ့ … ဆည်းလည်းလေးတွေက လဲ..လေတိုက်တဲ့ အရှိန်နဲ့ 
သာယာတဲ့ အသံ..တချွင်ချွင်မြည်နေတယ်မောင်…
ဒီစေတီလေးကလဲ မောင်နဲ့ ကျမ ဘုရားလာဖူးနေကျလေ…
ဘုရားဝတ်ပြု…ဆီမီး..ပန်း..ရေချမ်းကပ်..ပြီးရင်..
စေတီဝင်းထဲမှာရှိတဲ့ …ဘုန်းကြီးကျောင်းပေါ်တက် ..ဆရာတော်ကိုဝတ်ပြု..
မောင်ကတော့ ..ဆရာတော်နဲ့ ထွေရာလေးပါးပြောလေ့ ရှိပါတယ်…
ကျမက ..စေတီဝင်းထဲမှာ..ကျနေတဲ့ အမှိုက်တွေကို လှဲကျင်းပေးရင်းစေါင့် နေကျ..
ပြီးတော့မှ…ကျမတို့ နှစ်ယောက်..ဆရာတော်ကိုခွင့် ပန်ပြီး..
အခုကျမရပ်နေတဲ့ နေရာလေးမှာလာထိုင်နေကျလေ….

အခုတော့..ကျမတယောက်ထဲ…..
မောင်နဲ့ ကျမ..ထိုင်ကြည့် နေခဲ့ ဘူးတဲ့ ….
မျက်စိတဆုံးမြင်နေရတဲ့  ဟိုးအဝေးကြီးတနေရာကို သာမျက်ခြေမပြတ်
တစူးစူးတစိုက်စိုက်သာကြည့် နေမိရင်း….
သတိရလာမိတာတခုက..
မောင်..ထွက်သွားတာ…ဆရာတော်နဲ့ ပါတ်သက်နေတဲ့ ကိစ္စတခုဘဲ…
မောင်က..လျှို့ ဝှက်သူ..ကျမ ကို မေလေး.မောင်ပြန်လာမှာပါ..
သာသနာနဲ့ တိုင်းပြည်အတွက် ..မောင်..ခနလေးသွားမှာ…မေလေးစေါင့် နေနော်..တဲ့ 
(အဲဒီ..စကားတွေပြောတဲ့ အချိန်..မောင့် မျက်နှာတင်းနေတယ်..)
ဒီလိုနဲ့ ဘဲ..ကျမဒီနေရာလေးကမောင့် ကိုလာစေါင့် နေခဲ့ ရတာပါ…..

ကျမလှမ်းပြီးမြင်နေရတဲ့ တောအုပ်စိမ်းစိမ်းလေးရဲ့ အစပ်မှာ
ပြာလဲ့ လဲ့ ရေကန်လေးကိုတွေ့ နေရတယ်။
ရေကန်လေးရဲ့  ဘေးနားတ၀ိုက်မှာတော့ 
ပဲပန်းဝါ၀ါလေးတွေ၊ခရမ်းနုရောင်လေးတွေ၊ ပန်းနုဖြူရောင်လေးတွေ၊နဲ့  ရောင်စုံပန်းခင်းကြီးကိုမြင်နေရပါတယ်။
ကျမရဲ့ ကျောနောက်ဖက်က၀င်လုဆဲနေရောင်ခြည်ကြောင့် မြင်ကွင်းတွေ ဟာ
တစတစနဲ့ အရောင်ပြောင်းခဲ့ ပါတော့ တယ်။
ပြောင်းလဲလာခဲ့ တဲ့ အရောင်တွေနဲ့ အတူ
အော်… ဒီနေ့  လဲ ကျမတယောက်ထဲအိမ်ကိုပြန်ရအုံးမှာပါလားဆိုတဲ့  အသိကကျမတကိုယ်လုံးကိုနွမ်းလျစေခဲ့ ပါတယ်။
ဒါပေမဲ့ ..နက်ဖြန်ပေါင်းများစွာတိုင်းမှာ ကျမ.. ချစ်သူ့ အလာကိုမျှော်ဘို့  အတွက်
ဒီနေရာလေးကိုပြန်လာဘို့ အတွက်..
အင်အားလိုတယ်ဆိုတဲ့ အသိဟာကျမခြေလှမ်းတွေကိုမြန်ဆန်စေပါတယ်
နက်ဖြန်ဆိုတာရောက်ဘို့ ဒီနေ့ ကိုကျော်ဖြတ်နိုင်ရမယ်လေ။(မဟုတ်ဘူးလား)

ဒီလိုနဲ့ ဘဲ…….
နေ့ တနေ့ မှာ… အရင်နေ့ တွေကလိုဘဲ တောင်ကုန်းလေးပေါ်ရောက်လာခဲ့ ရ ပြန်ပြီ၊
အရင်နေ့  တွေလိုဘဲ လေတွေကတအားတိုက်နေတာပေါ့  မောင်ရယ်၊
စေတီလေးရဲ့ ဆည်းလည်းသံလေးတွေကလဲ..တချွင်ချွင်ပေါ့ ..
သာယာလိုက်တာ..မောင်သာ..ကျမ ဘေးနားမှာရှိရင် ..ပိုပြီးပြည့် စုံမှာ…

ကျမ ကိုနားမလည်နိုင်တဲ့ လူတွေကတော့  မေလေး တယောက်ရူးများသွားပြီလား တဲ့ ၊
ကိုယ့် ဆီမလာနိုင်တော့  တဲ့ လူတယေါက်ကို နေ့ စဉ်ရက်ဆက်၊
ဒီနေရာလေးက သွားစေါင့် စေါင့် နေလို့  တဲ့ ၊ သူတို့ မှမသိကြဘဲကွယ်၊
မောင်က ဂတိတွေအထပ်ထပ်ပေးခဲ့ တာ ၊
မောင့် ကိုကျမ ယုံတယ်၊
ဒီနေရာလေးမှာပြန်ဆုံကြမယ်နော် မေလေး ဆိုတဲ့ မောင့်စကားကိုသူတို့  ဖြင့်  မသိဘဲနဲ့ ၊

ဒီနေ့ တော့ အဖေပေးလိုက်လို့ ပါလာ တဲ့ အဝေးကြည့် မှန်ပြောင်းနဲ့ ၊လျှောက် ကြည့် နေလိုက်တယ်၊
အို---ဟို၇က်တွေကရောင်စုံပွင့် နေတဲ့ ပန်းလေးတွေ မှာ ပိုပြီးလန်းဆန်းနေသလိုပါဘဲ…
ပန်းလေးတွေကနေတဆင့် .. မြင်ကွင်းကိုရေကန်လေးဆီပြောင်းလိုက်တယ်၊
ဟင်--ရေကန်ထဲမှာလဲရေတွေ အပြည့် ဘဲ…..
အော်….ညက မိုးရွာထားတယ်လေ….
ဒီနေ့ လေတိုက်ပုံက..မိုးရွာဦးမယ့် ပုံဘဲ..
တိမ်တောင်တိမ်ရိပ်တွေက..မဲညို့ ညို့ ရယ်…..
မရွာပါနဲ့ ဦး………..မိုးရယ်…
ဘယ်တော့မှ …ထီးမကိုင်တတ်တဲ့ မောင် ..မိုးမိမှာစိုးလို့ ပါ…

သက်ပြင်း အသာချရင်း တောအုပ်လေးဆီ မှန်ပြောင်းလေးကိုရွှေ့ လိုက်တယ်၊
အဲဒီခနမှာဘဲ …ကျမရဲ့ လက်ကလေးတွေဟာ တဆတ်ဆတ်တုန်ခါလာခဲ့ ပါတယ်၊
ရင်ထဲမှာ တထိတ်ထိတ်နဲ့ ၊ဟုတ်ရဲ့ လား ?၊ သေချာရဲ့ လား?၊
မှန်ပြောင်းရဲ့  အနီးအဝေးခလုတ်ကို တုန်ရီနေတဲ့ လက်လေးနဲ့ ( မှန်ပြောင်းနဲ့ မျက်စေ့ လဲမခွါရဲဘဲ) ချိန်ကြည့် လိုက်တယ်၊
တလှုပ်လှုပ်နဲ့ ရွေ့ နေတဲ့  အရာတခု၊
လူတယောက်လို့  ယူဆ ရတယ်၊ဝေးလွန်းတော့  မသဲကွဲဘူး၊
ကျမ ကမျက်စိမှုန်လို့ မျက်မှန် တပ်ရတဲ့ သူ၊
အခုမှန်ပြောင်းကြည့် ဘို့ မျက်မှန်ဖြုတ်ထား၇တာ၊
မျက်မှန်တပ်ပြီးမှန်ပြောင်းနဲ့ ပြန်ကြည့် တော့  အဝေးအနီးပြန်ချိန်ရပြန်ရော၊
အဲဒီလို ၁-မိနစ်လောက်လေးအလုပ်ရှုပ်ပြီးမှ … ပြန်ကြည့် လိုက်တဲ့ အချိန်မှာ၊
ခုနက ကျမမြင်လိုက်တဲ့ အရာပျောက်သွားတယ်၊

ရင်ထဲမှာ ဟာကနဲဖြစ်သွားရင်း၊
ကမန်းကတန်း နဲ ရောင်စုံပန်းတွေကြား…
ရေတွေပြည့် နေတဲ့ ကန်လေးပတ်လည်၊
ပြီးတော့  ကျမရဲ့ လေးဖက်လေးတန်…ပတ်ပြီး မူးနောက်နေအောင် အငမ်းမရ ရှာနေမိတယ်၊
ဘယ်ရောက်သွားပြီလဲ?၊
ကျမ ငိုချင်လာမိတယ်၊
လက်ထဲကမှန်ပြောင်းကိုပစ်ချလိုက်ပြီး တောင်ကုန်းလေးပေါ်ကနေ ပြေးဆင်းလိုက်တယ်၊
ဒီအချိန်မှာဘဲ ..မိုးက ရွာချလာတယ်……
ကျမ ကို လှမ်းပြီး..သတိပေးရှာတဲ့ …ကျောင်းထိုင်ဆရာတော်..ကိုတောင်
လှည့် မကြည့် အားတော့ပါဘူး…စိတ်ထဲက ဦးချရင်း……
အရှိန်နဲ့ ပြေးဆင်းလိုက်တာ ..မိုးရေထဲမှာ…အလဲလဲအပြိုပြို၊
လဲနေရာကနေလူးလဲထ, ပြီးဆက်ပြေးတယ်၊(စီးလာတဲ့ ဖိနပ်တောင် ဘယ်နားကျွတ်ခဲ့ မှန်းမသိဘူး)
ရောင်စုံပန်းလေးတွေလဲ ကျမကြောင့်  ကြေမွခဲ့ ကြမှာ
ဒါပေမဲ့ လှည့် မကြည့် နိုင်ခဲ့ ဘူး၊ခွင့် လွှတ်ပါ ပန်းလေးတို့ ရယ်၊
မေလေး နဲ့  မောင်ပြန်လာပြုပြင်ပေးမယ်နော် လို့ 
တိုးတိုးလေးတောင်းပန်ခဲ့ ရတယ်၊
ရေကန်လေးနားကိုရောက်တော့  ကျမအရမ်းမောနေပြီ၊
တောအုပ်လေးရဲ့  အစပ်ကိုကြည့် ရင်းပြေးရင်း
ရုတ်တရက် …အင်္ကျီဖြူနဲ့ လူတယောက်ကိုကျမမြင်လိုက်တယ်၊
အခုတော့ ..သူကရပ်နေတယ်၊
ကျမ အဲဒီအချိန်မှာ ခလုတ်တခုတိုက်မိပြီး လဲကျသွားတယ်….
ဒူးမှာလဲ စူးကနဲ နာသွားတယ်၊
လက်ထောက်ပြီးထ, လိုက်ပြန်တော့ လက်ဖ၀ါးကိုတခုခု စူးသွားတာ အားကနဲတောင် အသံထွက်မိတယ်၊
ကြည့် လိုက်တော့ လက်ဖ၀ါးအလည်တည့် တည့် မှာ ဆူးကြီးတချောင်းစိုက်နေတယ်၊
ဝတ်ထားတဲ့ ထမိန်လေး လဲ စုတ်ပြတ်နေတော့ တယ်၊
ကျမတကိုယ်လုံးလဲ ..မိုးရေနဲ့ စိုရွှဲနေပြီ…

ကိစ္စမရှိဘူး..ဒါကအရေးမကြီးဘူး….၊
ဒါပေမဲ့ …မောင် ကအလှအပကြိုက်တော့  ဒီလိုဖရိုဖရဲ.. ဆို..မျက်မှောင်ကုတ်ပြီးကြည့် နေဦးမယ်၊
(မောင် က မကျေနပ်ရင် အလိုမကျရင် ဘာမှမပြောဘဲ ဒီလိုလုပ်နေကျလေ)
ဆံပင်လေးတွေသပ်ရပ်အောင် လက်ကလေးနဲ ကမန်းကတန်းသပ်တင်…
မိုးရေတွေစိုနေတဲ့ အ၀တ်အစားလေးသပ်ယပ်အောင်ဆွဲချ၊
ဟင် …..အင်္ကျီအဖြူလေးမှာလက်ကသွေးတွေနဲ့ မိုးရေတွေ၊ဖုံတွေနဲ့ ပေကုန်ပြီ၊
မတတ်နိုင်ဘူး…..၊ဆက်ပြေး၇ဦးမယ်လေ၊

မြင်ကွင်းကနီးလာပြီ၊
ကခ်င္လုံခ်ည္နဲ ့..ရွပ္အက်ႌအၿဖဴနဲ ့…
ဟင်..ဒါ …ကျမတို့ နှစ်ယောက်ခွဲတဲ့ နေ့ က
မောင် ၀တ်သွားတဲ့ အတိုင်းဘဲလေ၊(ပြီးတော့..ဒီနေရာလေး၊ဒီတောစပ်လေးမှာဘဲ..ခွဲခဲ့ ရတာလေ)
ဟွန်း …မောင်ကျတော့ အင်္ကျီလေးတောင်မလဲဘဲနဲ့ ၊
ဒါဆိုရင်.. ကျမပေရေစုတ်ပြတ်နေတာ မောင် သိတ်ပြောတော့ မယ်မထင်ဘူး၊
တော်ပါသေးရဲ့ လို့  သက်ပြင်းအသာချရင်း၊
မောင်ရပ်နေတဲ့ နေရာကို..လှမ်းကြည့် လိုက်တော့ 
မိုးရေတွေကြးထဲကနေ ..ရပ်နေတဲ့ မောင့် ကို..ကျမမြင်နေရပြီ…
မိုးရေထဲမှာ ကျမပြေးလာတာမောင်မတွေ့ ဘဲမနေဘူး၊
ဒါဆိုရင်…ဘာလို့  ဒီအတိုင်းရပ်ကြည့် နေရတာလဲကွယ်၊
အော်……သိပြီ၊သိပြီ…..
မေလေးကို အကြာကြီးခွဲထားပြီးမှ..အခုလိုရုတ်တရက်…မောင့်ကိုတွေ့ ရင်
အံ့ သြဝမ်းသာစိတ်နဲ့ ..ကျမဘာလုပ်နေမလဲသိချင်လို့ နဲ့ တူတယ်…
ဟုတ်သားဘဲ….ဟုတ်မှာပါ…..
နေ …နေ… မောင်ရေ.. အဲဒီမှာဘဲ ၇ပ်နေ၊သစ်ပင်အောက်မှာဆိုတော့ ..
မောင့် ကိုမိုးသိတ်စိုမှာမဟုတ်ပါဘူး…
ကျမနဲ့ မောင်လက်တကမ်းအကွာဘဲလိုတော့  တယ်၊
မောင်ေ၇ ..မေလေးမောင့် ကို မျှော်နေတာ၊ပျော်လိုက်တာ..မောင်ရယ်…လို့ 
အော်၇င်း..ကျမကို..ပြုံးကြည့် နေတယ်လို့ ထင်ရတဲ့ ..မောင့် ကိုပြေးဖက်လိုက်တယ်၊
ဟင်..မောင့် ရင်ဖတ်ကအင်္ကျီ အဖြူပေါ်မှာသွေးတွေလား၊?
ဒါပေမဲ့ ..ကျမမောင့် ကို လှမ်းဖက်လိုက်တဲ့ အချိန်မှာ
ရင်ထဲ နှလုံးသားထဲမှာ အေးကနဲ…ဟာကနဲဖြစ်သွားပြီး၊
ဘာဆိုဘာမှ…မဆုပ်ကိုင် မဖက်တွယ်မိဘဲ ပုံရက်သားကျခဲ့ ရပြီး
ကျမနားမှာ..အသံတွေသာကြားလိုက်ရပါတော့ တယ်၊
ကျမကြားလိုက်ရတဲ့ အသံတွေထဲက
သမီး သတိထား …..ဆိုတဲ့ အဖေ့  အသံ၊
ဒကာမလေး..သတိထား..ဆိုတဲ့ . ဆရာတော်ရဲ့ …အသံ……
အဖေ့ လက်ထဲကလွတ်ကျသွားတဲ့  စာရွက်လေးတရွက်က
မေလေးဘေးနားမှာ…မိုးရေနဲ့  မိုးလေတွေအကြားမှာဝဲပျံကျလာပါတယ်၊
ကွယ်လွန်သူ မောင်(-------) ရဲ့ ၁-နှစ်ပြည့်  အလှူ ၊
အမေတို့ ရဲ့ ပြည်သူတွေနဲ့ အတူ ၊
သမီးအမျှဝေ..ဂုဏ်ယူနိုင်ဘို့ ….ပို့ လိုက်တယ်၊ ဆိုတဲ့ 
မောင့် မိဘတွေဆီကစာ၊။
--------------------------------------------------------------------------------
မ,မမ။ ။ ။စက်တင်ဘာ၃၀ ရက်။၂၀၀၈၊
*၂၀၀၇ ခုနှစ်စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ
ကျဆုံးသွားရတဲ့ ….သံဃာတော်အရှင်မြတ်များနဲ့ အပြစ်မဲ့ ပြည်သူအားလုံးအတွက်..
တနှစ်ပြည့် အမှတ်တရ*။။။။။။။။